Customer Case Study

မြန်မာနိုင်ငံ ထိပ်တန်းခရီးသွားကုမ္ပဏီတစ်ခုဖြစ်တဲ့ Oway ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး တစ်နေရာတည်းတွင် အားလုံးအပြီးအစီးလုပ်ဆောင်နိုင်တဲ့ အွန်လိုင်းခရီးသွားလာရေး portal ကို လည်ပတ်ဆောင်ရွက်ပြီး ဟိုတယ်များ၊ လေယာဉ်များ၊ ကားများ၊ ဘတ်စ်ကားများနှင့် ခရီးစဉ်များကို စီစဉ်ပေးလျက်ရှိပါတယ်။ အတူပေါင်း၍ စီးနင်းခြင်း၊ ပေါင်းစည်းသယ်ယူပို့ဆောင်ခြင်းနဲ့ အွန်လိုင်းကုန်စည်ဝန်ဆောင်မှုများကိုလည်း ပေးဆောင်နေပါသည်။

https://oway.com.mm/

Industry

ခရီးသွား -အပန်းဖြေ

Strategic priorities

  • Multi-Cloud

Partner

VMware Cloud မှာထောက်ခံအတည်ပြုထားတဲ့ မိတ်ဖက် Golden TMH Telecom ဟာမြန်မာနိုင်ငံထိပ်တန်း ဆက်သွယ်ရေးနဲ့ ကွန်ယက်ဝန်ဆောင်မှုပေးသူဖြစ်ပါတယ်။

https://www.gtmh-telecom.com/

VMware footprint

  • Partner Connect

VMware Cloud ကို ယုံကြည်စွာလုပ်ငန်း အပ်နှံလိုက်တဲ့ ခရီးသွားကုမ္ပဏီ Oway

ရန်ကုန်အခြေစိုက် ကုမ္ပဏီ Oway Group ဟာဒီဂျစ်တယ်နည်းပညာတွေနဲ့ မြန်မာနိုင်ငံရှိ စားသုံးသူများခရီးသွားလာခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် ကုန်ခြောက်ပစ္စည်းဝယ်ယူခြင်းတွေမှာ ပိုမိုအဆင်ပြေစေရန်ပြုလုပ်လိုပါသည်။ ဒါပေမယ့် မကြာခဏ ဓာတ်အား ပြတ်တောက်မှုကြောင့် ရုံးချုပ်မှကိုင်တွယ်လုပ်ဆောင်တဲ့ ၎င်းရဲ့ ERP (လုပ်ငန်းဆိုင်ရာ အရင်းအမြစ်များ စီမံခန့်ခွဲခြင်း) စနစ်ကိုကျသွားစေပါသည်။ ဒီစိန်ခေါ်မှုကိုကျော်လွှားနိုင်ရန်အတွက် Oway ဟာ VMware cloud နည်းပညာများပေါ်မှာတည်ဆောက်ထားတဲ့ ERP workload ကို GTMH Edge Cloud သို့ပြောင်းရွှေ့ရန်အတွက် Golden TMH (GTMH) နဲ့အတူ ဆောင်ရွက်ခဲ့ပါတယ်။ ဒီအချိန်မှစပြီး စွမ်းဆောင်ရည်ဟာ ၃၀ ရာခိုင်နှုန်းတိုးလာပြီး စက်ရပ်သွားခြင်းမရှိတော့ပါ။ Oway ဟာ နိုင်ငံအတွင်းဒေတာသိမ်းဆည်းရန် အစိုးရမှ လိုအပ်ပါက အခြားသော လုပ်ငန်းများကို ဒေသတွင်း cloud သို့ ရွှေ့ရန်လည်း အဆင့်သင့်ရှိပါတယ်။

ခရီးသွားလုပ်ငန်းကို ကိုယ်တိုင်လုပ်ဆောင်ရာမှ ဒစ်ဂျစ်တယ်သို့ ပြောင်းရွှေ့လုပ်ဆောင်ခြင်း

မြန်မာနိုင်ငံရဲ့ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ မိုဘိုင်းအင်တာနက်ဈေးကွက်သို့ ဝင်ရောက်ခြင်းဖြင့် ခရီးသွားကုမ္ပဏီ Oway ဟာ ဒစ်ဂျစ်တယ်ဖြေရှင်းနည်းတွေကို နိုင်ငံတွင်းအသုံးပြုရန် ရည်ရွယ်ပါသည်။ နိုင်ငံတကာ ခရီးသွားလုပ်ငန်းကို ဖွင့်လှစ်ပြီး ၃နှစ်အကြာမှာ တိုးတက်လာတဲ့ လူလတ်တန်းစားများကို ဖြည့်ဆည်းပေးရန်အတွက် မြန်မာနိုင်ငံမှာ ပထမဆုံးသော အွန်လိုင်းခရီးသွားလာရေး ပလပ်ဖောင်းကို ၂၀၁၂ ခုနှစ်မှ စတင်ခဲ့ပါတယ်။ Covid – 19 ကပ်ရောဂါဟာ ပြီးခဲ့သည့်နှစ်က နိုင်ငံတကာ ခရီးသွားလာမှုနဲ့ သယ်ယူပို့ဆောင်ရေးကို ထိခိုက်စေသောအခါ Oway ဟာအွန်လိုင်း ကုန်စသည်ပေါ်တွင် မဏ္ဍိုင်ပြုခဲ့ပြီး ၎င်းရဲ့အာရုံစိုက်မှုကို ဒေသတွင်းခရီးသွားခြင်းနဲ့ လည်ပတ်ခြင်းများသို့ ပြောင်းလဲခဲ့ပါတယ်။

“VMware နည်းပညာနဲ့ ပံ့ပိုးထားတဲ့ GTMH Edge Cloud သို့ပြောင်းရွှေ့ခြင်းက ကျွန်ုပ်တို့ရဲ့ စွမ်းဆောင်ရည်ကို ၃၀% တိုးမြင့်စေခဲ့ပြီး ဒါဟာ Oway အတွက် တကယ်ကိုကြီးမားတဲ့တိုးတက်မှုတစ်ခုဖြစ်ပါတယ်”
ဝေလင်းထွန်း၊အကြီးတန်းမန်နေဂျာ၊ Oway

ဓာတ်အားပြတ်တောက်မှုကြောင့် မကြာခဏစက်ရပ်သွားခြင်း

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများဟာ မြန်မာနိုင်ငံရှိ ခေတ်နောက်ကျပြီး လုပ်ဆောင်မှုများလွန်းတဲ့ လျှပ်စစ်ဓာတ်အားလိုင်းကြောင့် ဖြစ်လေ့ရှိပြီး ပြတ်တောက်မှုတစ်ခုစီဟာ နာရီပေါင်းများစွာကြာတတ်ပါတယ်။

ဓာတ်အားပြတ်သွားတိုင်း Oway Group ရှိ ကွန်ပျူတာဆာဗာတွေကို ပြန်လည်စတင်ရပါတယ်။ ညဖြစ်စေ၊ နေ့ဖြစ်စေ၊ စနေဖြစ်စေ၊ တနင်္ဂနွေဖြစ်စေ အင်ဂျင်နီယာတစ်ဦးယောက်ဟာ အဆောက်အဦးတွင်းမှာရှိတဲ့ ERP စနစ်ကို troubleshoot လုပ်ဖို့ ရုံးကိုပြန်သွားရပါတယ်။

ERP စနစ်ဟာ ဆာဗာတွေနဲ့အတူ အော့ဖ်လိုင်းဖြစ်သွားပါက၊ ငွေးပေးငွေယူများကို မှတ်တမ်းတင်ထားမှာမဟုတ်တာကြောင့် လုပ်ငန်းလည်ပတ်မှုများကို ထိခိုင်စေပါတယ်။ Oway ရဲ့အမျိုးမျိုးသော ဒစ်ဂျစ်တယ် business verticals များနဲ့ ERP အက်ပ်လီကေးရှင်းကို အချိန်မရွေး (၂၄နာရီ) တစ်ပါတ်(၇)ရက်၊ တစ်နှစ် (၃၆၅) ရက်လုံးဆက်လက်အသုံးပြုနေနိုင်ဖို့ လိုအပ်ပါတယ်။

“တပတ်ကို သုံးလေးခါလေက် လျှပ်စစ်မီးပြတ်နေလို့ ခဏခဏ စက်ရပ်ပါတယ်။တစ်ခါတလေမှာ အင်ဂျင်နီယာက ဆာဗာတွေကို ပြန်ဖွင့်ပြီး ERP အပလီကေးရှင်းကို ပြန်လည်ပတ်အောင် လုပ်ပြီးကာမှ မီးအားမငြိမ်လို့ အကုန်ပြန်ပိတ်သွားတာမျိုးလဲရှိတယ်။ အဲ့ဒိအခါကျရင် မီးအားငြိမ်အောင်ပြန်စောင့်ပြီး အကုန်လုံး အစကနေပြန်ဖွင့်ရပါတယ်” လို့ Oway ရဲ့အကြီးတန်းမန်နေဂျာ ဦးဝေလင်းထွန်းကပြောပါတယ်။

ပြည်တွင်းဖြစ် cloud ကိုပြောင်းလဲအသုံးပြုခြင်း

ကပ်ရောဂါကြောင့် ခရီးသွားလာမှုကိုလျှော့ချပြီး အိမ်ကနေပဲ အလုပ်လုပ်ကြရချိန်မှာတော့ ဒီကာလ ရှည်ကြာရှိနေတဲ့ပြဿနာကိုဖြေရှင်းနိုင်ရုံသာမကဘဲ လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်များကိုပါ လျှော့ချနိုင်မဲ့ အဖြေတစ်ခုကို Oway ကစတင်ရှာဖွေခဲ့ပါတော့တယ်။

အနှောက်အယှက်မရှိ ဓာတ်အားပေးနိုင်တဲ့ (UPS) စနစ်ဟာ ဈေးနှုန်းကြီးမြင့်တာကြောင့် လက်တွေ့မှာ အသုံးပြုဖို့ အဆင်မပြေခဲ့ပါဘူး။ ဒါ့အပြင် ဆိုက်ဘာလုံခြုံရေးဥပဒေအသစ်ကြောင့်ဒေတာတွေကို ပြည်တွင်းမှာ သိမ်းဆည်းထားနိုင်ဖို့ကလည်း လိုအပ်ပါသေးတယ်။

ERP ရဲ့လုပ်ငန်းတွေကို Telco cloud ဝန်ဆောင်မှုပေါ် ပြောင်းရွှေ့ဖို့အတွက် Oway ဟာနိုင်ငံတွင်းက ထိပ်တန်းဆက်သွယ်ရေး နည်းပညာကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ Golden TMH (GTMH) နဲ့စတင်ပြီး ၂၀၂၀ ခုနှစ် ဇွန်လမှာ ချိတ်ဆက်ခဲ့ပါတယ်။ Hyperscaler နဲ့နှိုင်းယှဉ်လိုက်ရင် ပြည်တွင်းကုမ္ပဏီရဲ့ ဝန်ဆောင်မှုဟာ ERP စနစ် နှောင့်နှေးမှုကို လျှော့ချနိုင်ပြီး ဥပဒေအသစ်နဲ့ မငြိစွန်းပဲ ပုံမှန်လည်း လည်ပတ်နိုင်စေမှာဖြစ်ပါတယ်။

” GTMH ဟာ မြန်မာနိုင်ငံမှာ သုံးစွဲသူတွေ အများကြီးရှိတဲ့ ထိပ်တန်း ဒေတာစင်တာဝန်ဆောင်မှုတစ်ခု ဖြစ်တာကြောင့် သူတို့ရဲ့ ဝန်ဆောင်မှုကို စိတ်ချယုံကြည်ပါတယ်။ သူတို့က အားထားရတဲ့ မိတ်ဖက်ဖြစ်လာမယ်လို့လည်း ထင်ပါတယ်”လို့ဦးဝေလင်းထွန်းကပြောပါတယ်။

“Cloud က ကျွန်တော်တို့ကို ပေါ့ပါးသွက်လက်ပြီး လိုက်လျောညီထွေဖြစ်စေတဲ့အတွက် ဒီမ‌‌သေချာမရေရာတဲ့ကာလအတွင်း လျင်မြန်စွာ လိုက်လျောဖြစ်နိုင်ခဲ့ပါတယ်။”
ဝေလင်းထွန်း၊ အကြီးတန်းမန်နေဂျာ၊ Oway

 

ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေအတွက် ဝန်ဆောင်မှုအပြည့်ပေးနေတဲ့ GTMH ဟာ VMware Cloud မှထောက်ခံအတည်ပြုထားပြီးဖြစ်ပါသည်။ ဒီရွှေအဆင့်စံနှုန်းဟာ အဖွဲ့အစည်းတွေကို ၎င်းတို့ဟာ VMware Cloud infrastructure ဝန်ဆောင်မှုရဲ့ အကောင်းဆုံး အကောင်အထည်ဖော်ဆောင်မှုကို ရရှိမယ်လို့ ယုံကြည့်မှုရှိစေပါတယ်။ GTMH Edge Cloud ကို VMware ရဲ့အကောင်းဆုံးအတန်းအစားကွန်ယက်၊ ထားသိုမှုနဲ့ တွက်ချက်မှု solution တို့နဲ့ စီမံပံ့ပိုးထားပါတယ်။

GTMH ရဲ့ COO တစ်ဦးဖြစ်တဲ့ Derek Hellmoons က ” GTMH ဟာကွန်ယက် ချိတ်ဆက်ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းဖြစ်တာကြောင့် ကျွန်တော်တို့ဟာ နိုင်ငံတွင်းမှာရှိတဲ့ ပိုင်ဆိုင်မှုအရင်းအမြစ်များနဲ့ အဓိက ကွန်ရက်အားလုံးနှင့် ချိတ်ဆက်ထောက်ပံ့နိုင်စွမ်းကို အသုံးပြုပြီး နှောင့်နှေးမှုနဲ့ ဆက်တိုက်လည်ပတ်ရန်လိုအပ်မှု နှစ်ခုလုံးကို ကိုင်တွယ်ဖြေရှင်နိုင်မှာပဲဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ကို တမူထူးခြားစေပြီး မြန်မာနိုင်ငံရဲ့ ထိပ်တန်း cloud ဖြစ်လာစေပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ချောမွေ့သော လုပ်ငန်းလည်ပတ်မှုများ

အခုတော့ Oway ရဲ့ mission-critical EPR စနစ်ဟာ cloud ပေါ်မူတည်ပြီး ချောမွေ့စာလည်ပတ်နေပြီဖြစ်တာကြောင့် လျှပ်စစ်မီးပြတ်တောက်နေချိန်မှာတောင် လုပ်ငန်းရပါတန့်မှုမရှိတော့ဘဲ ဝန်ဆောင်မှုတွေက်ု ပေးနိုင်နေပြီဖြစ်ပါတယ်။

အရင်က ဆာဗာတွေကို စက်နဲ့အသုံးပြုခဲ့ရတဲ့အတွက် ပြဿနာတစ်ခုခုကြောင့် ရပ်တန့်သွားတိုင်း အိုင်တီအဖွဲ့ဟာ တစ်ရက်ဖြင့်မရပဲ ရက်အနည်းငယ်ကြာ အချိန်ယူဖြေရှင်းခဲ့ရပါတယ်။ အခုတော့ အင်ဂျင်နီယာတွေအနေနဲ့ portal ကတဆင့် virtual machines တွေကို အဝေးကနေ စောင့်ကြည့်ထိန်းချုပ်ပြီး လိုအပ်သလို စီစဉ်နိုင်တာကြောင့် ဖြေရှင်းချိန်ဟာ တစ်ရက်ကနေ နှစ်ရက်သာကြာပါတော့တယ်။ ဒါဟာကပ်ရောဂါကာလအတွင်း IT အဖွဲ့အား အိမ်အတွင်းမှ ထိရောက်စွာနှင့် ဘေးကင်းစွာ အလုပ်လုပ်နိုင်စေပါတယ်။

လုပ်ဆောင်မှုများ၍ ပိတ်ဆို့မှုများရှိခဲ့ရင် Oway ဟာ နာရီပိုင်းအတွင်းလုပ်နိုင်စွမ်း တိုးမြှင့်ပေးဖို့ GTMH ကိုတောင်းဆိုနိုင်ပါတယ်။ ဒီလုပ်ဆောင်မှုဟာ reset နဲ့ reconfigure ပြုလုပ်ဖို့လိုအပ်ပြီး ဒါဟာ စက်ရပ်သွားတာတွေဖြစ်နိုင်တာကြောင့် အရင်လိုဆာဗာတွေကို စက်နဲ့ပဲ အသုံးပြုနေရချိန်မှာ ဒီလုပ်ဆောင်မှုဟာ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ cloud နဲ့ ဆိုငွေကြေးအပေးအယူလုပ်ဆောင်မှု မြင့်တက်နေချိန်မှာတောင် Oway ရဲ့လုပ်ငန်းများရပ်တန်းသွားမည်မဟုတ်ပါ။

 

 

” GTMH Edge Cloud ကို ပြောင်းလဲ အသုံးပြုလိုက်တဲ့အတွက် ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုပေးနိုင်စွမ်းက ၃၀ ရာခိုင်နှုန်းထိတိုးတက်ခဲ့ပါတယ်။ Oway အတွက်တော့တကယ်ကို တိုးတက်မှုကြီး တစ်ခုပါ။ ဒီမသေချာမရေရာတဲ့ကာလအတွင်းမှာ ကျွန်တော်တို့အနေနဲ့ မြန်မြန်ဆန်ဆန်လိုက်လျောညီထွေဖြစ်စေနိုင်ဖို့ ကူညီမေပးပါတယ်” လို့ဦးထွန်းမှ ပြောပါတယ်။

ဒါ့အပြင် Oway ဟာ အရင်လို ဆာဗာစက်တွေကို ဆက်လက်အသုံးမပြုတော့တဲ့အတွက် Hardware ဝယ်ယူခြင်း၊ ထိန်းသိမ်းခြင်း၊ အအေးခံခြင်းနှင့် သိုလှောင်ခြင်းဆိုင်ရာ လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်များကိုလည်း ချက်ချင်းလျှော့ချနိုင်ခဲ့ပါတယ်။

“ကပ်ရောဂါဟာ ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းအများစုကို ငွေကြေးဆိုင်ရာ ဖိအားများစွာကို ဖြစ်စေခဲ့ပါတယ်။ သူတို့လုပ်ငန်းရဲ့ အခြေခံအချက်အလက်တွေကို Cloud ပေါ်ပြောင်းရွှေ့လိုက်ခြင်းအားဖြင့် အခြားနည်းပညာဆိုင်ရာ ပစ္စည်းတွေပိုင်ဆိုင်တဲ့အတွက် ကုန်ကျစရိတ် (Total cost of ownership- TCO)ကို လျှော့ချနိုင်ရုံမကဘဲ စီမံခန့်ခွဲနိုင်မှု၊ ယုံကြည့်စိတ်ချရမှုနဲ့၊ လုပ်ဆောင်မှုတွေကိုလည်း တိုးမြှင့်နိုင်ဦးမှာပဲဖြစ်ပါတယ်” လို့ Hellmons ကပြောကြားခဲ့ပါတယ်။

လုပ်ငန်းကို ဆက်လက်လည်ပတ်နေစေခြင်း

မြန်မာနိုင်ငံဟာ ၎င်းရဲ့နယ်နိမိတ်တွေကို ပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီး စီးပွားရေးပြန်လည်ဦးမော့လာစေရန် လမ်းခင်းနေချိန်မှာ Oway ဟာ၎င်းရဲ့ ဝန်ဆောင်မှုတွေ ဝယ်လိုအားမြင့်တက်လာတာကိုတွေ့လာရပါတယ်။ အစိုးရက နိုင်ငံတွင်း ဒေတာအားလုံးကို သိမ်းဆည်းရမယ်လို့အမိန့်ပေးလာခဲ့ရင် Oway ဟာ၎င်းရဲ့အခြားအလုပ်တွေကို GTMH နဲ့ ဒေသတွင်း cloud သို့ပြောင်းရွေ့ရန်အဆင်သင့်ဖြစ်နေပါပြီ။ ယခုအချိန်မှာ ၎င်းရဲ့ ERP ကို cloud သို့ရွှေ့ခြင်းဖြင့် Oway ဟာကပ်ရောဂါဖြစ်ပွားပြီးနောက် စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် ပိုမိုအားကောင်းပြီး ခံနိုင်ရည်ရှိစေရန် အထောက်အကူပေးနေပါတယ်။

Which solutions do you need? Find out more with us.